ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန့်ကောင်းချောင်းနှင့် နန့်ယင်းချောင်းရေများ မြင့်တက်ကာ ဇွန်လ ၂၁ ရက်မှစတင်၍ ရပ်ကွက်/ကျေးရွာများအတွင်းသို့ ရေဝင်ရောက်ခဲ့သဖြင့် မဖြစ်မနေရွှေ့ပြောင်းရန်လိုအပ်သော ရေဘေးသင့်အိမ်ထောင်စု ၃၂ စုကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဓမ္မာရုံ ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ပြီး စားသောက်ကုန်များ ထောက်ပံ့ကူညီပေးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်၊မိုးကောင်းမြို့တွင် ချောင်းရေမြင့်တက်မှုကြောင့် ရေဘေးသင့်အိမ်ထောင်စု ၃၂ စုအား ယာယီကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးပြီး စားသောက်ကုန်များ ထောက်ပံ့
Jun 24 • 7:53 AM
Myanmar
Kachin
Share
| 16 | 0 | 0 | 0 |


