back

မိခင်ဖြစ်သူ ကွယ်လွန်သွားသဖြင့် ပြင်သစ်နည်းပြ ဒေးရွှမ့် အိမ်ပြန်သွားခဲ့ပြီး နော်ဝေနှင့်ပွဲကို လွဲချော်မည်

Jun 24 • 7:52 AM

breaking-news

Myanmar

International

cover

မိခင်ဖြစ်သူ ကွယ်လွန်သွားသဖြင့် ပြင်သစ်နည်းပြ ဒေးရွှမ့် အိမ်ပြန်သွားခဲ့ပြီး နော်ဝေနှင့်ပွဲကို လွဲချော်မည်

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်သည် မိခင်ဖြစ်သူ ကွယ်လွန်သွားခြင်းကြောင့် ဈာပနအခမ်းအနားတက်ရောက်ရန် ပြင်သစ်နိုင်ငံသို့ ပြန်သွားခဲ့သဖြင့် လာမည့်သောကြာနေ့တွင်...

ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်သည် မိခင်ဖြစ်သူ ကွယ်လွန်သွားခြင်းကြောင့် ဈာပနအခမ်းအနားတက်ရောက်ရန် ပြင်သစ်နိုင်ငံသို့ ပြန်သွားခဲ့သဖြင့် လာမည့်သောကြာနေ့တွင် ယှဉ်ပြိုင်ရမည့် နော်ဝေနှင့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် လက်ထောက်နည်းပြ ဂိုင်းစတီဖန်က အသင်းကို တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ပြီး၊ ပြင်သစ်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု (I) တွင် နှစ်ပွဲဆက်နိုင်ကာ ၃၂ သင်းအဆင့်သို့ တက်ရောက်ထားပြီးဖြစ်သောကြောင့် နော်ဝေနှင့်ပွဲမှာ အုပ်စုပထမနေရာအတွက်သာ အဆုံးအဖြတ်ခံယူရန်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

20