back

(၁၀)ကြိမ်မြောက် ကမ္ဘာ့ MSME နေ့အခမ်းအနားကို နေပြည်တော် MICC-1 တွင် ကျင်းပမည်

Jun 24 • 7:50 AM

breaking-news

Myanmar

Naypyidaw

cover

(၁၀)ကြိမ်မြောက် ကမ္ဘာ့ MSME နေ့အခမ်းအနားကို နေပြည်တော် MICC-1 တွင် ကျင်းပမည်

(၁၀) ကြိမ်မြောက် ကမ္ဘာ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) နေ့ အခမ်းအနားကို စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း...

(၁၀) ကြိမ်မြောက် ကမ္ဘာ့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) နေ့ အခမ်းအနားကို စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက လာမည့် ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ်အခမ်းအနားတွင် AI ခေတ်အတွင်း မျိုးဆက်သစ် စီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်းနှင့် လူငယ်များ၏ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးခြင်းစသည့် MSME ကဏ္ဍ၏ အရေးပါပုံများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

35