“တရုတ်နိုင်ငံ၏ လိုင်ချီးသီးဇာတိမြေ” ဟု လူသိများသည့် ဂွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လင်ရှန်ခရိုင်သည် လိုင်ချီးထုတ်လုပ်မှုတွင် တရုတ်နိုင်ငံတစ်ဝန်း အဆင့် ၂ နေရာ၌ ရပ်တည်နေပြီး၊ အမျိုးသားအဆင့် ပထဝီဝင်ညွှန်းကိန်း အသိအမှတ်ပြုလက်မှတ်များ ရရှိထားသည့် အဆိုပါခရိုင်တွင် ၂၀၂၅ ခုနှစ်အထိ လိုင်ချီးစိုက်ဧရိယာ မူ ၄၂၂,၆၀၀ ခန့်ရှိကာ နှစ်စဉ် လိုင်ချီးတန်ချိန် ၁၉၀,၀၀၀ ခန့် ထွက်ရှိကြောင်း သိရသည်။



