တရုတ်နိုင်ငံ၏ အနောက်ပိုင်း ကုန်း-ရေကြောင်း ကုန်သွယ်ရေးစင်္ကြံသစ်အတွက် အဓိကကျသော၊ စုစုပေါင်းအရှည် ၁၃၄.၂ ကီလိုမီတာရှိသည့် ပင်လုတူးမြောင်း (Pinglu Canal) စီမံကိန်းကို လာမည့် ၂၀၂၆ခုနှစ် စက်တင်ဘာလတွင် အပြီးသတ်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ နန်နင်းမြို့မှ ဘေ့ပူပင်လယ်ကွေ့အထိ တန်ချိန် ၅,၀၀၀ ရှိသော သင်္ဘောများ သွားလာနိုင်မည့် Class-I စံချိန်စံညွှန်းဖြင့် တည်ဆောက်နေသည့် ယင်းတူးမြောင်း ပြီးစီးပါက မြန်မာအပါအဝင် အာဆီယံနိုင်ငံများနှင့် တရုတ်အနောက်ပိုင်းဒေသများအကြား ကုန်သွယ်ရေးချိတ်ဆက်မှုများ ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း သိရသည်။
ပင်လုတူးမြောင်းစီမံကိန်း ပြီးစီးပါက မြန်မာအပါအဝင် အာဆီယံနှင့် တရုတ်အနောက်ပိုင်း ကုန်သွယ်ရေး ပိုမိုအားကောင်းလာမည်
Jun 24 • 7:47 AM
China
Local News
Share
| 8 | 0 | 0 | 0 |


