ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇွန်လ ၉ ရက် မွန်းလွဲပိုင်းက စိုင်းမောင်မောင် မောင်းနှင်ပြီး မြတ်နိုးအောင် လိုက်ပါလာသည့် ၂၂ ဘီး တွဲကားတစ်စီးကို ရပ်တန့်စစ်ဆေးခဲ့ရာ ကရင်ပြည်နယ်သို့ သယ်ဆောင်မည့် ဒေသတန်ဖိုးငွေကျပ် ၆၂ ဒသမ ၀၇၅ ဘီလျံတန်ဖိုးရှိ အိုက်စ် ၁ ဒသမ ၅၁ တန်နှင့် စိတ်ကြွဆေးပြား ၆ ဒသမ ၁၅ သန်းတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်တွင် ကရင်ပြည်နယ်သို့ သယ်ဆောင်မည့် ကျပ် ၆၂ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
Jun 24 • 7:43 AM
Myanmar
Bago
Share
| 10 | 0 | 0 | 0 |


