back

ချင်းတွင်းမြစ်ရေ လာမည့် ၄၈ နာရီအတွင်း ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် ကြိုတင်သတိပြုရန် မိုးဇလသတိပေး

Jun 24 • 7:42 AM

breaking-news

Myanmar

Sagaing

cover

ချင်းတွင်းမြစ်ရေ လာမည့် ၄၈ နာရီအတွင်း ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သဖြင့် ကြိုတင်သတိပြုရန် မိုးဇလသတိပေး

လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၄ ပေခွဲကျော်၌ ရှိနေသော ချင်းတွင်းမြစ်ရေသည် လာမည့် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနို...


လက်ရှိတွင် စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၄ ပေခွဲကျော်၌ ရှိနေသော ချင်းတွင်းမြစ်ရေသည် လာမည့် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၂၃ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည်။ ထို့ကြောင့် ဟုမ္မလင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်ကြသူများအနေဖြင့် မြစ်ရေမြင့်တက်လာမည့်အခြေအနေကို ကြိုတင်သတိပြုကြရန်နှင့် အချိန်မီရွှေ့ပြောင်းရှောင်ရှားနိုင်ရန် မိုးဇလက နှိုးဆော်ထားကြောင်း သိရသည်။

news-view-count-icon

10