ကချင်ပြည်နယ်ရှိ မြစ်ကြီးနား-မိုးညှင်း ရထားခရီးစဉ် (၈၉ မိုင်) အနက် ပုံမှန်ပြေးဆွဲခြင်းမရှိသေးသည့် မိုးကောင်းမှ မိုးညှင်းအထိ ၅၂ ဒသမ ၂၅ မိုင် လမ်းပိုင်းကို လာမည့် ဇူလိုင်လအတွင်း ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မတ်လ ၂၃ ရက်မှစတင်ကာ ဘူတာများနှင့် ပျက်စီးနေသော တံတားများကို အရှိန်အဟုန်မြှင့် ပြုပြင်လျက်ရှိသည်။ လက်ရှိတွင် မိုးကောင်း-မြစ်ကြီးနား လမ်းပိုင်းမှာ ပုံမှန်ပြေးဆွဲလျက်ရှိပြီး ကျန်ရှိသည့် လမ်းပိုင်းပြုပြင်နေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဇွန်လ ၂၃ ရက် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုစစ်ဆေးကာ ရထားလမ်းအမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေး စီစဉ်ထားရှိမှုများကို ဒေသခံများနှင့် တွေ့ဆုံရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇူလိုင်လအတွင်း မြစ်ကြီးနား-မိုးညှင်း ရထားခရီးစဉ် ပြန်လည်ပြေးဆွဲနိုင်ရန် ရထားလမ်းပိုင်းနှင့် ဘူတာများကို ပြုပြင်နေ
Jun 24 • 7:41 AM
Myanmar
Kachin
Share
| 12 | 0 | 0 | 0 |


