ရှမ်းပြည်နယ်တောင်ပိုင်းဒေသထွက် ဂျင်း (ဥမ) ဈေးနှုန်းများသည် တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ် ၁,၀၀၀ ခန့်အထိ ထပ်မံကျဆင်းသွားခဲ့သဖြင့် ဂျင်းစိုက်တောင်သူများ တွက်ချေမကိုက်ဘဲ အခက်အခဲဖြစ်နေကြောင်း ဒေသခံတောင်သူများနှင့် အရောင်းအဝယ်ပြုလုပ်သူများထံမှ သိရသည်။ယခင်က ဂျင်း (ဥမ) တစ်ပိဿာလျှင် ကျပ် ၃,၀၀၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း လက်ရှိတွင် ကျပ် ၁,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းထိုးကျသွားခဲ့ခြင်းဖြစ်သည်။ လက်ရှိကာလသည် ဂျင်းဥအသစ်များ စတင်ထွက်ရှိလာပြီဖြစ်ရာ စိုက်ပျိုးထားသည့် ဥအဟောင်း (ဥမ) များကို ပြန်လည်တူးဖော်ရောင်းချရသည့် ရာသီဖြစ်သောကြောင့် ဈေးကွက်အတွင်း ဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေခြင်း ဖြစ်သည်။ဂျင်း (ဥမ) အမျိုးအစားမှာ ရေရှည်ချန်လှပ်ထား၍ မရဘဲ ပြန်လည်တူးဖော်ရောင်းချရသည့်အတွက် တောင်သူများအနေဖြင့် စိုက်ပျိုးစရိတ် ပြန်လည်ရရှိရန် ယခုကဲ့သို့ ဈေးကျနေသည့်တိုင် ရရှိသည့်ပေါက်ဈေးဖြင့်သာ စိတ်မကောင်းစွာ အရှုံးခံရောင်းချနေကြရသည်။ ဂျင်း (ဥမ) ဈေးနှုန်းသည် ဇွန်လပထမပတ်ကတည်းက စတင်ကျဆင်းလာခဲ့ခြင်းဖြစ်ပြီး၊ တောင်သူများအနေဖြင့် နောက်ပိုင်း ဂျင်းအသစ်များ အားလုံးပေါ်ချိန်တွင် ဈေးနှုန်းပြန်လည်ကောင်းမွန်လာရန် မျှော်လင့်နေကြကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် တစ်ပတ်အတွင်း ဂျင်း (ဥမ) ဈေးနှုန်း တစ်ပိဿာလျှင် ကျပ်တစ်ထောင်အထိ ထပ်မံကျဆင်းလာ
Jun 24 • 6:36 AM
Myanmar
Shan
Share
| 20 | 0 | 0 | 0 |


