မြန်မာနိုင်ငံ၏ အခွန်အကောက်ရငွေသည် လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်း ၃ ဆခန့် တိုးတက်လာခဲ့ပြီး လာမည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အခွန်ရငွေနှင့် GDP အချိုး (Tax-to-GDP Ratio) ကို ၉.၅ ရာခိုင်နှုန်းအထိ ရရှိစေရန် ရည်မှန်းချက်ထား ဆောင်ရွက်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်က ပြောကြားသည်။ ဇွန်လ ၂၂ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီးဌာန၏ အခွန်ကောက်ခံရရှိမှုသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄,၉၁၂ ဘီလီယံသာ ရှိခဲ့ရာမှ၊ ယခု ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၄,၀၇၀ ဘီလီယံအထိ တိုးတက်ကောက်ခံနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အခွန်ရငွေ ၅ နှစ်အတွင်း ၃ ဆခန့်တိုးတက်လာပြီး လာမည့်ဘဏ္ဍာနှစ်တွင် Tax-to-GDP Ratio ၉.၅ ရာခိုင်နှုန်းရရှိရန် မျှော်မှန်း ဆောင်ရွက်နေ
Jun 24 • 2:30 AM
Myanmar
Local
Share
| 20 | 0 | 0 | 0 |


