back

ရန်ကုန်၌ မိုးသက်လေပြင်းကြောင့် ရွှေလင်ပန်းဓာတ်အားခွဲရုံပိုင် ၁၁ ကေဗွီ ဓာတ်တိုင် ၆ တိုင် လဲကျကာ ထရန်စဖော်မာ ၂၇ လုံး ယာယီမီးပြတ်တောက်နေ

Jun 24 • 2:31 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်၌ မိုးသက်လေပြင်းကြောင့် ရွှေလင်ပန်းဓာတ်အားခွဲရုံပိုင် ၁၁ ကေဗွီ ဓာတ်တိုင် ၆ တိုင် လဲကျကာ ထရန်စဖော်မာ ၂၇ လုံး ယာယီမီးပြတ်တောက်နေ

ရန်ကုန်၊လှိုင်သာယာတွင် ယမန်နေ့ ဇွန် ၂၃ ရက် ည ၈ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် (၃၃/၁၁) ကေဗွီ ရွှေလင်ပန်းဓာတ်အားခွဲရုံ (၁) ...

ရန်ကုန်၊လှိုင်သာယာတွင် ယမန်နေ့ ဇွန် ၂၃ ရက် ည ၈ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် (၃၃/၁၁) ကေဗွီ ရွှေလင်ပန်းဓာတ်အားခွဲရုံ (၁) မှ ဓာတ်အားဖြန့်ဖြူးပေးနေသည့် ၁၁ ကေဗွီ ဖီဒါ (၂) ဓာတ်အားလိုင်းရှိ အမြင့် ၁၀ မီတာရှိသော ကျောက်ဓာတ်တိုင် ၆ တိုင် လဲကျပျက်စီးခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ထံမှ သိရသည်။ အဆိုပါလဲကျမှုသည် လှိုင်သာယာရှိ ဗန်းမော်အတွင်းဝန်လမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် YESC မှ ကျွမ်းကျင်ဝန်ထမ်းများက အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး၊ ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ်အတွင်း ဗန်းမော်အတွင်းဝန်လမ်းနှင့် ပန်းတဉ်းဝန်ဦးရွှေဘင်လမ်းတစ်ဝိုက်ရှိ ထရန်စဖော်မာ ၂၇ လုံးတွင် ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

17