၂၁ ရာစု ဘောလုံးလောက၏ မဟာပြိုင်ဘက်များဖြစ်ကြသော စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့သည် ပယ်နယ်တီလွဲချော်မှုအများဆုံး စံချိန်ဆိုးတွင်လည်း ထိပ်ဆုံးမှ အပြိုင်အဆိုင် ဦးဆောင်နေကြသည်။ လတ်တလောပွဲစဉ်တွင် မက်ဆီ ထပ်မံလွဲချော်ခဲ့ခြင်းကြောင့် ၎င်း၏ ကစားသမားဘဝ ပယ်နယ်တီမဝင်မှု ၃၃ ကြိမ်အထိ ရှိလာပြီး အဆင့် (၂) တွင် ရပ်တည်နေကာ၊ စီရော်နယ်လ်ဒိုက ၃၆ ကြိမ်ဖြင့် အဆင့် (၁) တွင် ရှိနေသည်။သို့သော် ၎င်းတို့နှစ်ဦးစလုံးမှာ နှစ်ပေါင်းများစွာ ပယ်နယ်တီပင်တိုင်ကန်သူများဖြစ်၍ လွဲချော်မှုအရေအတွက် များပြားခြင်းဖြစ်သည်။ ပယ်နယ်တီဝင်ရောက်မှု ရာခိုင်နှုန်း (Conversion Rate) တွင်မူ စီရော်နယ်လ်ဒိုက ၈၃.၅ ရာခိုင်နှုန်းဖြင့် ထိပ်တန်းအဆင့်ရှိနေပြီး မက်ဆီကမူ ၇၇.၉ ရာခိုင်နှုန်းသာရှိ၍ အခြားထိပ်တန်းကစားသမားများနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်းအနည်းဆုံး ဖြစ်နေသည်။ ၎င်းတို့နောက်တွင် နေမာ (၂၂ ကြိမ်)၊ အီမိုဘီလီ (၁၉ ကြိမ်) နှင့် တော့တီ (၁၈ ကြိမ်) တို့က လွဲချော်မှုအများဆုံးအဖြစ် ဆက်လက်ရပ်တည်နေကြသည်။
Jun 24 • 2:05 AM
Myanmar
International
Share
| 23 | 0 | 0 | 0 |


