မွန်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလာပြီး ဝယ်ယူရလွယ်ကူလာသော်လည်း ကုန်စည်ပို့ဆောင်ခ (တန်ဆာခ) များကို လျှော့ချပေးခြင်းမရှိဘဲ ဈေးတင်ထားဆဲဖြစ်သည့် ယာဉ်လိုင်းများကို သက်ဆိုင်ရာကော်မတီက စိစစ်ကြပ်မတ်ပေးရန် ဒေသခံများက တောင်းဆိုထားကြောင်း ဇွန်လ ၂၃ ရက်တွင် သိရသည်။ ဒေသခံတစ်ဦး၏ ပြောပြချက်အရ စက်သုံးဆီဈေးနှုန်း တက်စဉ်က တန်ဆာခများကို လိုက်လံတိုးမြှင့်ခဲ့ရာ ပါဆယ်ဗူးအကြီးတစ်ဖာလျှင် ကျပ်သုံးသောင်းကျော်အထိ ရှိခဲ့ကြောင်း၊ လက်ရှိတွင် ဆီဈေးနှုန်းများ သိသိသာသာ ပြန်လည်ကျဆင်းသွားသော်လည်း ယာဉ်လိုင်းများက တန်ဆာခများကို မူလအတိုင်း အဆမတန် ကောက်ခံနေဆဲဖြစ်ကြောင်း သိရသည်။ထို့ကြောင့် ပြည်သူများ ကုန်ကျစရိတ် သက်သာစေရန်အတွက် သက်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီအနေဖြင့် အဆိုပါယာဉ်လိုင်းများ၏ တန်ဆာခနှုန်းထားများကို သေချာစွာ ဝင်ရောက်စိစစ်ပေးစေလိုကြောင်း သိရသည်။
မွန်ပြည်နယ်တွင် စက်သုံးဆီဈေးကျသော်လည်း ပစ္စည်းတန်ဆာခ လျှော့ချခြင်းမရှိသည့် ယာဉ်လိုင်းများကို စိစစ်ကြပ်မတ်ပေးရန် ဒေသခံများ တောင်းဆို
Jun 24 • 2:03 AM
Myanmar
Mon
Share
| 15 | 0 | 0 | 0 |


