back

တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်တွင် ဇွန်လအတွင်း ဆိုင်ကယ်ခိုးယူမှုနှင့် အလစ်သုတ်မှုများ ဆက်တိုက်ဖြစ်ပွားနေ

Jun 24 • 1:51 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်တွင် ဇွန်လအတွင်း ဆိုင်ကယ်ခိုးယူမှုနှင့် အလစ်သုတ်မှုများ ဆက်တိုက်ဖြစ်ပွားနေ

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်တွင် ဇွန်လအတွင်း လူနေအိမ်များ၌ ညဘက်ဝင်ရောက်ခိုးယူခြင်းနှင့် ဈေးဆိုင်များတွင် နေ့ခင်းကြောင်တောင် အလစ်သုတ်ခြင်းစသည့် ဆိုင်ကယ...

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ပေါ်တွင် ဇွန်လအတွင်း လူနေအိမ်များ၌ ညဘက်ဝင်ရောက်ခိုးယူခြင်းနှင့် ဈေးဆိုင်များတွင် နေ့ခင်းကြောင်တောင် အလစ်သုတ်ခြင်းစသည့် ဆိုင်ကယ်ခိုးယူခံရမှုဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေကြောင်း မြို့ခံများထံမှ သိရသည်။ပြီးခဲ့သည့် ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ရှမ်းမလည်ဆွဲရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှ Wave ဆိုင်ကယ်တစ်စီး ညဘက်ဝင်ရောက်ခိုးယူခံခဲ့ရသလို၊ ဇွန်လဒုတိယပတ်အတွင်းကလည်း ပိန္နဲတောဈေး၌ ဈေးဝယ်သူတစ်ဦး၏ ဆိုင်ကယ်မှာ အမျိုးသမီးတစ်ဦး၏ အလစ်သုတ်ခိုးယူခြင်းကို ခံခဲ့ရကြောင်း CCTV မှတ်တမ်းများအရ သိရသည်။ လက်ရှိတွင် တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးအားနည်းချက်များကို အခွင့်ကောင်းယူကာ မသမာသူများက ရဲရဲတင်းတင်း ခိုးယူလာကြသဖြင့် မိမိတို့ဆိုင်ကယ်များ ပြန်လည်ရရှိရန် ခဲယဉ်းနေပြီး ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

news-view-count-icon

15