back

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လိုင်စင်မရှိဘဲ တရားမဝင် ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦးကို ဘုရားဖူးပို့ဆောင်ပေးနေစဉ်အတွင်း ဖမ်းဆီးရမိ

Jun 24 • 1:50 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လိုင်စင်မရှိဘဲ တရားမဝင် ခရီးသွားလုပ်ငန်းလုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦးကို ဘုရားဖူးပို့ဆောင်ပေးနေစဉ်အတွင်း ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ခရီးသွားလုပ်ငန်းလိုင်စင်နှင့် ဧည့်လမ်းညွှန် (ဂိုက်) လိုင်စင်မရှိဘဲ တရားမဝင် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် "Win...

ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ခရီးသွားလုပ်ငန်းလိုင်စင်နှင့် ဧည့်လမ်းညွှန် (ဂိုက်) လိုင်စင်မရှိဘဲ တရားမဝင် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသည့် "Win Win Express" ဖေ့စ်ဘွတ်ခ်စာမျက်နှာပိုင်ရှင် မြန်မာအမျိုးသမီး မဝင်း (အမည်လွှဲ) ကို ခရီးစဉ်စတင်သည့် ပထမဆုံးနေ့၌ပင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ဇွန်လ ၂၃ ရက်တွင် သိရသည်။အဆိုပါ မြန်မာအမျိုးသမီးသည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် မြန်မာဘာသာစကားဖြင့် ဗီဒီယိုများတင်ကာ ချင်းမိုင် VIP ခရီးစဉ်များကို အရောင်းမြှင့်တင် ကြော်ငြာခဲ့ခြင်း ဖြစ်သည်။ ဇွန်လ ၂၂ ရက်နေ့တွင် ချင်းမိုင်မြို့ရှိ နာမည်ကြီး ဝပ်ဖရာသတ်ဒွိုင်စုထက် (Wat Phra That Doi Suthep) ဘုရား၌ မြန်မာခရီးသည် ၃ ဦးကို လိုက်လံပို့ဆောင်ပေးနေစဉ် ခရီးသွားရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးခဲ့ရာမှ လက်ဖမ်းမိခဲ့ခြင်း ဖြစ်သည်။စစ်ဆေးချက်များအရ ၎င်းတွင် ခရီးသွားလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် သို့မဟုတ် ဂိုက်လိုင်စင် လုံးဝမရှိဘဲ ကုမ္ပဏီပိုင်ရှင်အဖြစ်ရော ဧည့်လမ်းညွှန်အဖြစ်ပါ တရားမဝင် ပူးတွဲလုပ်ကိုင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။ လက်ရှိတွင် အဆိုပါ မြန်မာအမျိုးသမီးအား လိုင်စင်မရှိဘဲ ခရီးသွားလုပ်ငန်း လုပ်ကိုင်မှု၊ နိုင်ငံခြားသားဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့ဖြင့် သက်ဆိုင်ရာရဲစခန်းသို့ လွှဲပြောင်းကာ တရားဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် အမှုဖွင့် စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။

news-view-count-icon

11