back

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သက်တမ်းရင့် အဆောက်အအုံဟောင်း ၄ သိန်းကျော် ပြိုကျမယ့်အန္တရာယ်ရှိနေ

Jun 24 • 1:36 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ သက်တမ်းရင့် အဆောက်အအုံဟောင်း ၄ သိန်းကျော် ပြိုကျမယ့်အန္တရာယ်ရှိနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာမာ ၄ လမ်းတွင် သက်တမ်းရင့် တိုက်ဟောင်းတစ်လုံး ပြိုကျပြီး လူတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် ဘန်ကောက်တစ်မြို့လုံးရှိ ဆိုးဆိုးရွားရ...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာမာ ၄ လမ်းတွင် သက်တမ်းရင့် တိုက်ဟောင်းတစ်လုံး ပြိုကျပြီး လူတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်ကြောင့် ဘန်ကောက်တစ်မြို့လုံးရှိ ဆိုးဆိုးရွားရွား ပျက်စီးယိုယွင်းနေသော အဆောက်အအုံဟောင်း ၄ သိန်းကျော်၏ အန္တရာယ်ရှိသောအခြေအနေကို သတိပြုမိလာကြသည်။ အဆိုပါအိမ်ပိုင်ရှင်များမှာ တိုက်များကို ပြန်လည်ပြုပြင်လိုကြသော်လည်း အစိုးရထံ အကြီးစားမွမ်းမံခွင့် တောင်းခံသည့်အခါ လက်ရှိထုတ်ပြန်ထားသော အဆောက်အအုံဥပဒေသစ်အရ ကားပါကင်နေရာ အလုံအလောက်ထည့်ရမည့်အပြင် မီးဘေးထွက်ပေါက်နှင့် ကာကွယ်ရေးစနစ်များကို စံချိန်စံညွှန်းအသစ်အတိုင်း ပြင်ဆင်ရမည်ဖြစ်သောကြောင့် အခက်အခဲဖြစ်နေကြသည်။ယခုပြဿနာကို ဖြေရှင်းရန်အတွက် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးမှူး Chadchart Sittipunt က တိုက်ဟောင်းများကို ဖြိုဖျက်စရာမလိုဘဲ ကုန်ကျစရိတ်သက်သာစွာဖြင့် ဘေးကင်းအောင် ပြန်လည်ပြုပြင်နိုင်ရေးအတွက် ကားပါကင်နေရာ ထည့်သွင်းရမည့်စည်းကမ်းနှင့် မီးဘေးထွက်ပေါက် သတ်မှတ်ချက်များကို အခြေအနေအလိုက် ဖြေလျှော့ပေးသွားမည်ဟု ကတိပေးပြောကြားခဲ့သည်။ ထို့ပြင် အန္တရာယ်ရှိနိုင်သော အဆောက်အအုံများကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ရာ အိမ်ပိုင်ရှင်များအနေဖြင့်လည်း မိမိတို့တိုက်တွင် ပျက်စီးမှုများတွေ့ရှိပါက သက်ဆိုင်ရာထံ ချက်ချင်းအကြောင်းကြားကြရန် တိုက်တွန်းထားသည်။

news-view-count-icon

13