တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် တာ့လျန်မြို့တွင် ၁၇ ကြိမ်မြောက် နွေရာသီ ဒါဗို့စ်ဖိုရမ် (Summer Davos) ကို ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပလျက်ရှိကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ ယခုနှစ်ဖိုရမ်ကို “ကျယ်ပြန့်သော ဆန်းသစ်တီထွင်မှု” (Scale-up Innovation) ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအသစ်များကို အတူတကွ ပူးပေါင်းဆွေးနွေးရန်အတွက် နိုင်ငံနှင့် ဒေသပေါင်း ၉၀ ကျော်မှ ဧည့်သည်တော် ၁,၇၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ဖိုရမ်ပထမရက်တွင် တာ့လျန်အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ၌ “AI နည်းပညာ နေရာအနှံ့ ရှိနေသော်လည်း တစ်ပြိုင်နက်တည်း ဖြစ်မလာနိုင်ခြင်း” ခေါင်းစဉ်အပါအဝင် ကဏ္ဍခွဲဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး နိုင်ငံတကာသတင်းမီဒီယာများလည်း အကျယ်တဝံ့ လာရောက်သတင်းယူလျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ လျောင်နင်ပြည်နယ် တာ့လျန်မြို့၌ ၁၇ ကြိမ်မြောက် နွေရာသီ ဒါဗို့စ်ဖိုရမ်ကို စတင်ဖွင့်လှစ်ကျင်းပ
Jun 24 • 1:35 AM
China
Local News
Share
| 7 | 0 | 0 | 0 |


