back

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အီဂျစ်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နယူးဒေလီမြို့၌ တွေ့ဆုံဆွေးနွေး

Jun 24 • 1:34 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အီဂျစ်အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးချုပ်တို့ နယူးဒေလီမြို့၌ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီဂျစ်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်း‌ရေးမှူးချုပ် ယူဆက်ဖ် အလာ အယ်လ်-ဒင်းန်တို့သည် အိန္ဒိယနိုင်ငံ နယူးဒေလ...

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အီဂျစ်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အထွေထွေအတွင်း‌ရေးမှူးချုပ် ယူဆက်ဖ် အလာ အယ်လ်-ဒင်းန်တို့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ တွေ့ဆုံကာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ရန် ဇွန်လ ၂၃ ရက်တွင် ဆွေးနွေးခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ ယခုနှစ်သည် တရုတ်-အီဂျစ် သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၇၀ ပြည့် အထိမ်းအမှတ်ကာလဖြစ်ရာ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအဖြစ် BRICS ၊ ကုလသမဂ္ဂနှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် စသည့် နိုင်ငံစုံပလက်ဖောင်းများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဗဟုအသွင်ပြောင်းရေး လုပ်ငန်းစဉ်များကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန် ဝမ်ရိက ပြောကြားခဲ့သည်။ အီဂျစ်အထွေထွေအတွင်းရေးမှူးချုပ်ကလည်း တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စွဲမြဲစွာ လိုက်နာပြီး ပြည်တွင်းရေးစွက်ဖက်မှုများကို ဆန့်ကျင်ကြောင်းနှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်အောက်တွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည့်အပြင်၊ နှစ်ဖက်စလုံးက အရှေ့အလယ်ပိုင်းဒေသ အခြေအနေများနှင့် စပ်လျဉ်း၍လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

news-view-count-icon

10