back

ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် ခေတ်ကာလနှင့်ညီသည့် လစာနှုန်းထား တိုးမြှင့်ပေးရန် အစိုးရနှင့် ပုဂ္ဂလိကဝန်ထမ်းများ မျှော်လင့်နေ

Jun 24 • 1:31 AM

breaking-news

Myanmar

Local

cover

ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် ခေတ်ကာလနှင့်ညီသည့် လစာနှုန်းထား တိုးမြှင့်ပေးရန် အစိုးရနှင့် ပုဂ္ဂလိကဝန်ထမ်းများ မျှော်လင့်နေ

အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ အဆမတန် ဈေးနှုန်းမြင့်တက်လာသော်လည်း လုပ်ခလစာများမှာ နည်းပါးနေဆဲဖြစ်သဖြင့် မိသားစုစားဝတ်နေရေး ခက်ခဲလာသောကြော...

အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများ အဆမတန် ဈေးနှုန်းမြင့်တက်လာသော်လည်း လုပ်ခလစာများမှာ နည်းပါးနေဆဲဖြစ်သဖြင့် မိသားစုစားဝတ်နေရေး ခက်ခဲလာသောကြောင့် အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကနှင့် စက်ရုံအလုပ်ရုံ ဝန်ထမ်းများအား ခေတ်ကာလနှင့်ညီသည့် လစာနှုန်းထားများ တိုးမြှင့်သတ်မှတ်ပေးရန် တောင်းဆိုမှုများ ရှိလာကြောင်း ဇွန်လ ၂၃ ရက်တွင် သိရသည်။

လက်ရှိတွင် အခြေခံအရောင်းဝန်ထမ်းများနှင့် စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၏ လစာမှာ ၁၈၀,၀၀၀ ကျပ်မှ ၃၅၀,၀၀၀ ကျပ်ဝန်းကျင်သာ အများဆုံးရရှိကြပြီး၊ အထည်ချုပ်စက်ရုံများတွင် အချိန်ပိုကြေးအပါအဝင် စုစုပေါင်း ၃ သိန်းခွဲခန့် ရရှိသော်လည်း နေစရိတ်၊ စားစရိတ်များနုတ်ပါက လူပျို၊ အပျိုများပင် လောက်ငှမှုမရှိကြောင်း သိရသည်။ ထို့ပြင် ရန်ကုန်မြို့၌ အလှကုန်ဖြန့်ချိရေး မန်နေဂျာအဆင့် လုပ်ကိုင်နေသူတစ်ဦးကလည်း လစာ ၅ သိန်းနီးပါး ရရှိသော်လည်း ကုန်ဈေးနှုန်းနှင့် အခန်းငှားခကြီးမြင့်မှုကြောင့် နယ်ရှိမိသားစုထံ တစ်လလျှင် တစ်သိန်းခန့်ပင် မနည်းချန်၍ ပို့ဆောင်နေရသဖြင့် အခြေခံဝန်ထမ်းများအနေဖြင့် တစ်လလျှင် အနည်းဆုံး ၅ သိန်းခန့် ရရှိမှသာ အဆင်ပြေရုံမျှရှိမည်ဟု ကုန်သည်နှင့် စက်ရုံဝန်ထမ်းများက ဆိုသည်။အလားတူ အစိုးရအောက်ခြေဝန်ထမ်းများတွင်လည်း ရရှိသည့်လစာနှင့် နေ့စဉ်စားသောက်စရိတ်၊ ကလေးကျောင်းစရိတ်နှင့် လူမှုရေးစရိတ်များ မလောက်ငှသဖြင့် အားလပ်ချိန်များတွင် ဟင်းချက်ရောင်းခြင်း၊ ဆပ်ပြာဆီလုပ်ရောင်းခြင်းစသည့် တနိုင်တပိုင် အပိုလုပ်ငန်းများကို တွဲဖက်လုပ်ကိုင်နေကြရသည်။ ကျေးလက်ဒေသရှိ အစိုးရကျောင်းဆရာမများမှာလည်း တစ်လလျှင် ၁၀,၀၀၀ ကျပ်ခန့်ဖြင့် ကျူရှင်အပိုသင်ကြား၍ ဝင်ငွေရှာဖွေနေရသလို၊ ပြည်သူ့ဆေးရုံမှ ဆရာဝန်အချို့လည်း ပြင်ပဆေးခန်းများတွင် အချိန်ပိုင်း လိုက်လံပြသနေရသည်။ သို့သော် လုပ်ငန်းနယ်ပယ်အလိုက် ဘေးကြားပေါက် ဝင်ငွေရရှိနေသည့် ရာထူးကြီးပိုင်းဝန်ထမ်းအချို့မှာမူ လစာတိုးမြှင့်ပေးရန် တောင်းဆိုမှု နည်းပါးကြောင်း ဒေသခံဝန်ထမ်းများ၏ ပြောပြချက်အရ သိရသည်။

news-view-count-icon

22