မြန်မာနိုင်ငံဂျပန်ပြန်ကျောင်းသားဟောင်းများအသင်း (MAJA) သည် လာမည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် ပထမအကြိမ် ဂျပန်စာအရည်အချင်းစစ်စာမေးပွဲ (JLPT) အတွက် စာဖြေသူများ မဖြစ်မနေ လိုက်နာရမည့် ညွှန်ကြားချက်များကို ထုတ်ပြန်ထားသည်။ စာဖြေသူများအနေဖြင့် အွန်လိုင်းစာဖြေခွင့်ကတ်ပြား (Online Test Voucher) များကို ဇွန်လ ၁ ရက်မှ ဇူလိုင်လ ၅ ရက်နေ့အထိ စနစ်အတွင်း ထုတ်ယူနိုင်ပြီး၊ စာမေးပွဲနေ့တွင် ကာလာပရင်တ် (Color Print) ထုတ်၍ မဖြစ်မနေ ယူဆောင်လာရမည် ဖြစ်ကြောင်း၊ အဆိုပါကတ်ပြားကို ဖုန်းဖြင့် ပြသ၍ ဖြေဆိုခွင့်ပြုမည် မဟုတ်ကြောင်းနှင့် စာဖြေခန်းရောက်ရှိချိန် သတ်မှတ်ချက် အပါအဝင် ထပ်တိုးစည်းကမ်းချက်များကို တိကျစွာ လိုက်နာရန် အသိပေးထားကြောင်း သိရသည်။
ဇူလိုင် ၅ ရက်တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် စာဖြေခွင့်ကတ်ပြားအား Color Print ဖြင့် မဖြစ်မနေ ယူဆောင်လာရန် MAJA ထုတ်ပြန်
Jun 23 • 11:36 AM
Myanmar
Local
Share
| 20 | 0 | 0 | 0 |


