back

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ဝန်ကြီးဌာနအသင်းသုံးသင်းကို တစ်ရာသီထောက်ပံ့ကြေး ကျပ်သိန်း ၁၀၀၀ အထိ ပေးသွားမည်ဟု MFF ဥက္ကဋ္ဌ ကတိပြုပြောကြား

Jun 23 • 11:37 AM

breaking-news

Myanmar

Local

cover

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ဝန်ကြီးဌာနအသင်းသုံးသင်းကို တစ်ရာသီထောက်ပံ့ကြေး ကျပ်သိန်း ၁၀၀၀ အထိ ပေးသွားမည်ဟု MFF ဥက္ကဋ္ဌ ကတိပြုပြောကြား

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က ယခုရာသီမှစတင်ကာ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ဝန်ကြီးဌာနအသင်းသုံးသင်းကို တစ်ရာသီလျှင် ထောက်ပံ့ကြေး က...

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က ယခုရာသီမှစတင်ကာ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် ဝန်ကြီးဌာနအသင်းသုံးသင်းကို တစ်ရာသီလျှင် ထောက်ပံ့ကြေး ကျပ်သိန်း ၁၀၀၀ အထိ ပေးအပ်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၁ ရက်က သစ္စာအားမာန်အမျိုးသမီးအသင်းမှ တာဝန်ရှိသူများ၊ ကစားသမားများနှင့် တွေ့ဆုံစဉ် ကတိပြုပြောကြားခဲ့သည်။ ယင်းတွေ့ဆုံမှုသည် သစ္စာအားမာန်အသင်း နောက်တန်းကစားသမား ဒီဇင်ဘာနှင်းက အသင်းအုပ်ချုပ်ရေးပိုင်း၏ ပံ့ပိုးမှုအားနည်းချက်ကို ပွင့်လင်းစွာထုတ်ဖော်ပြောဆိုခဲ့ရာမှ လူမှုကွန်ရက်တွင် ဝေဖန်မှုများမြင့်တက်ခဲ့၍ MFF ဥက္ကဋ္ဌက ကြားဝင်ဖြေရှင်းပေးခဲ့ခြင်းဖြစ်ပြီး၊ ၎င်းက ကစားသမား၏ ရဲဝံ့စွာပြောဆိုမှုကို ကျေးဇူးတင်ကြောင်းနှင့် မိမိတွင် တာဝန်ရှိကြောင်း ပြောဆိုကာ ကစားသမားများ၏ အိပ်ဆောင်၊ လေ့ကျင့်ရေးကွင်း ပြုပြင်ပေးမည့်အပြင် အစားအသောက်နှင့် ထောက်ပံ့ကြေးများကိုပါ ပြည့်ပြည့်ဝဝ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

15