မြန်မာ့ထိပ်သီး ဘောလုံးကလပ် ရှမ်းယူနိုက်တက်အက်ဖ်စီ (Shan United FC) သည် ကမ္ဘာကျော် မိုဘိုင်းလ်ဂိမ်းတစ်ခုဖြစ်သည့် PUBG MOBILE နှင့် "Two Worlds, One Goal!" ဟု အမည်ပေးကာ တရားဝင် ပူးပေါင်းလက်တွဲလိုက်ပြီဖြစ်ကြောင်း အသင်းက ထုတ်ပြန်ထားသည်။ ယခုပူးပေါင်းမှုသည် ကွင်းပြင်ပမှ Esports လှုပ်ရှားမှုများနှင့် ကွင်းအတွင်းမှ ဘောလုံးအားကစား၏ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်များကို ပေါင်းစပ်ကာ တူညီသောပန်းတိုင်တစ်ခုသို့ ရှေးရှုရန် ရည်ရွယ်ခြင်းဖြစ်ပြီး၊ ဘောလုံးလောကနှင့် အရှိန်အဟုန်ဖြင့် တိုးတက်လာနေသည့် Esports လောကတို့ ပူးပေါင်းမှုကြောင့် ပရိသတ်များအတွက် ထူးခြားဆန်းသစ်သည့် အစီအစဉ်များနှင့် ရင်ခုန်စရာ Collaboration များကို မကြာမီ မြင်တွေ့ရတော့မည်ဖြစ်ကြောင်း သိရသည်။
Jun 23 • 10:05 AM
Myanmar
Local
Share
| 21 | 0 | 0 | 0 |


