ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ "ဇေယျာမင်း"၊ "TOP" နှင့် "ရထိုက်တန်" စက်သုံးဆီအရောင်းဆိုင် ၃ ဆိုင်တွင် မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးချိန်မီ ထွန်ယက်နိုင်ရေးအတွက် ပရီမီယံဒီဇယ်များကို သက်သာသောဈေးနှုန်းဖြင့် ဇွန်လ ၂၀ ရက်နေ့မှစ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ အရောင်းဆိုင်များတွင် တောင်သူများအား တစ်ဧကလျှင် ၂ ဂါလံနှုန်းဖြင့် တစ်လီတာလျှင် ၄,၇၆၉ ကျပ် (တစ်ဂါလံလျှင် ၂၁,၄၆၀ ကျပ်) နှုန်းဖြင့် စနစ်တကျရောင်းချပေးနေခြင်းဖြစ်ပြီး၊ လက်ရှိတွင် စိုက်ပျိုးဧက ၄၀၀ ခန့်အတွက် ပရီမီယံဒီဇယ် လီတာ ၃,၆၀၀ ကျော် ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။



