ရန်ကုန်မြို့ရှိ ဆေးရုံများ၊ စာသင်ကျောင်းများနှင့် ရုံးအဆောက်အအုံများကို ငလျင်နှင့် သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိမှု ရှိ၊ မရှိ စစ်ဆေးအကဲဖြတ်ကာ အန္တရာယ်ရှိနိုင်မှုအဆင့်အလိုက် ခွဲခြားသတ်မှတ်ခြင်းလုပ်ငန်းများကို လာမည့် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမျိုးမြင့်အောင်က ပြောကြားသည်။ ဇွန်လ ၂၂ ရက်က ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ကျောက်တံတားမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်၏ မေးမြန်းချက်ကို မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပြီး၊ အများပြည်သူနှင့် သက်ဆိုင်သော အဆောက်အအုံများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ယခုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်ရှိ ဆေးရုံ၊ စာသင်ကျောင်းနှင့် ရုံးအဆောက်အအုံများကို ဇူလိုင် ၁ ရက်မှစ၍ ငလျင်အန္တရာယ် ခံနိုင်ရည်ရှိမှု စစ်ဆေးမည်
Jun 23 • 10:02 AM
Myanmar
Yangon
Share
| 19 | 0 | 0 | 0 |


