back

ကချင်ပြည်နယ်၊မိုးကောင်းမြို့ရှိ နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေများ ၂၄ နာရီအတွင်း ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေဦးမည်

Jun 23 • 10:00 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊မိုးကောင်းမြို့ရှိ နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေများ ၂၄ နာရီအတွင်း ပြန်ကျနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေဦးမည်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့သည် လာမည့် ၂၄ နာရီအတွင်း ၃ လက်မခန့်စီ ပြန်လည်ကျဆင်းနိုင်သော်လည်း မိုးကောင်းမြိ...

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ နန့်ယင်းချောင်းရေနှင့် နန့်ကောင်းချောင်းရေတို့သည် လာမည့် ၂၄ နာရီအတွင်း ၃ လက်မခန့်စီ ပြန်လည်ကျဆင်းနိုင်သော်လည်း မိုးကောင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၂၃ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။ လက်ရှိတွင် နန့်ယင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ပေဝက်ကျော်နှင့် နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ ပေခန့် ကျော်လွန်ရောက်ရှိနေခြင်းဖြစ်ပြီး ရေပြန်ကျသော်လည်း စိုးရိမ်ရသည့်အခြေအနေ ရှိနေသေးသဖြင့် မိုးကောင်းမြို့နယ်အတွင်းရှိ ချောင်းကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာသို့ ကြိုတင်ရှောင်ရှားကြရန် မိုးဇလက သတိပေးနှိုးဆော်ထားသည်။

news-view-count-icon

7