back

ဆီနီဂေါကို အနိုင်ရပြီးနောက် ဟာလန်းဦးဆောင်သည့် နော်ဝေအသင်း ပရိသတ်များနှင့်အတူ Viking "လှေလှော်" အကဖြင့် အောင်ပွဲခံ

Jun 23 • 7:59 AM

breaking-news

Myanmar

International

cover

ဆီနီဂေါကို အနိုင်ရပြီးနောက် ဟာလန်းဦးဆောင်သည့် နော်ဝေအသင်း ပရိသတ်များနှင့်အတူ Viking "လှေလှော်" အကဖြင့် အောင်ပွဲခံ

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် နော်ဝေအသင်းက ဆီနီဂေါအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အာလင်းဟာလန်း ဦးဆောင်ကာ ကွင်းအတွင်းရှိ ပရိသတ်များနှင့်အတူ ...

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် နော်ဝေအသင်းက ဆီနီဂေါအသင်းကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အာလင်းဟာလန်း ဦးဆောင်ကာ ကွင်းအတွင်းရှိ ပရိသတ်များနှင့်အတူ Viking "လှေလှော်" အကဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် အောင်ပွဲခံခဲ့ကြောင်း သိရသည်။ ယင်းပွဲတွင် နော်ဝေတိုက်စစ်မှူး အာလင်းဟာလန်းက နှစ်ဂိုးသွင်းယူခဲ့ပြီး လက်ရှိပြိုင်ပွဲတွင် စုစုပေါင်း လေးဂိုးဖြင့် ရွှေဖိနပ်ဆုအတွက် မက်ဆီ၊ အမ်ဘာပေတို့နှင့်အတူ ထိပ်ဆုံးက ဦးဆောင်နေသည်။ ၁၉၉၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နှစ်ပွဲဆက်တိုက် အနိုင်ရရှိထားသည့် နော်ဝေအသင်းသည် အုပ်စု (I) ၏ ပထမနေရာအတွက် လာမည့် ဇွန်လ ၂၇ ရက်နေ့တွင် ပြင်သစ်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

11