မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်း ၁၅ ခုတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် မိမိကိုယ်ပိုင်သဘောထားဆန္ဒအရ နေရပ်ပြန်လိုကြောင်း တင်ပြလျှောက်ထားလာသူများကို အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းစိစစ်လျက်ရှိကြောင်း မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ သိရသည်။ မြန်မာနိုင်ငံသားမှန်ကန်မှု ရှိ၊ မရှိ စိစစ်ပြီးပါက နေရပ်ပြန်ပို့ဆောင်မည့်သူများ၏ စာရင်းကို သံရုံးက ဆက်လက်အသိပေးထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားထိန်းသိမ်းရေးစခန်း ၁၅ ခုရှိ နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင်နိုင်ရေး စိစစ်ဆောင်ရွက်နေ
Jun 23 • 10:03 AM
Malaysia
Local
Share
| 7 | 0 | 0 | 0 |


