တောင်ကိုရီးယား ကေပေါ့ပ်အဖွဲ့ BigBang အဖွဲ့ဝင် ဒယ်ဆောင်းနှင့် KARA အဖွဲ့ဝင် ဟာယွန်းဂျီတို့ နှစ်ဦးအား MAMAMOO အဖွဲ့၏ ဖျော်ဖြေပွဲတစ်ခုတွင် အတူတကွ တွေ့ရှိခဲ့ရပြီးနောက် ၎င်းတို့နှစ်ဦး တွဲနေကြသည်ဟူသော သတင်းများ ကိုရီးယားမီဒီယာများနှင့် ပရိသတ်များအကြား ပျံ့နှံ့ခဲ့သော်လည်း ဒယ်ဆောင်း၏ အေဂျင်စီဖြစ်သော R&D က ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုလိုက်သည်။ အေဂျင်စီ၏ ထုတ်ပြန်ချက်အရ ၎င်းတို့နှစ်ဦးသည် "Zip Daesung" ယူကျုအစီအစဉ်တွင် ယွန်းဂျီက ဧည့်သည်အဖြစ် ပါဝင်ခဲ့ပြီးနောက်ပိုင်း ပိုမိုရင်းနှီးလာခဲ့ကြသည့် မိတ်ဆွေရင်းချာများသာဖြစ်ပြီး ဖျော်ဖြေပွဲသို့ အတူသွားရောက်ကြည့်ရှုခြင်းသာ ဖြစ်ကြောင်း သိရသည်။ အနုပညာသက်တမ်း နှစ် ၂၀ နီးပါးရှိပြီဖြစ်သည့် ဒယ်ဆောင်းသည် တစ်လျှောက်လုံး တရားဝင်ချစ်သူ ထုတ်ဖော်ပြသခဲ့ခြင်း မရှိဘဲ ၎င်း၏ ကိုယ်ရေးကိုယ်တာကိစ္စများကို လျှို့ဝှက်ထားတတ်သူအဖြစ် လူသိများသည်။
BigBang အဖွဲ့ဝင် ဒယ်ဆောင်းနှင့် KARA အဖွဲ့ဝင် ဟာယွန်းဂျီတို့ ချစ်သူဖြစ်နေသည်ဆိုသော သတင်းများအပေါ် မဟုတ်မှန်ကြောင်း အေဂျင်စီ ငြင်းဆို
Jun 23 • 7:55 AM
South Korea
Local News
Share
| 8 | 0 | 0 | 0 |


