ထိုင်းနိုင်ငံတွင် လွန်ခဲ့သည့် ၉ လအတွင်း ဆိုက်ဘာလိမ်လည်သူပေါင်း ၃၀,၀၀၀ နီးပါးနှင့် ဂိုဏ်းခေါင်းဆောင် ၇၀ ကျော်ကို ဖမ်းဆီးကာ ဘတ် ၂၄ ဘီလီယံဖိုးရှိ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရမိခဲ့ပြီး လိမ်လည်မှု ဖြစ်ပွားနှုန်း ၆၉.၂ ရာခိုင်နှုန်းအထိ လျော့ကျသွားကြောင်း ဒုတိယဝန်ကြီးချုပ် အနူတင် ချာန်ဗီရာကူးလ်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားသည်။ ထို့ပြင် ထိုင်းတောင်ပိုင်းဒေသများရှိ တရားမဝင် နိုင်ငံခြားသားများ၏ အမည်ခံ (Proxy) ကုမ္ပဏီပေါင်း ၁,၄၅၀ ကျော်ကို အရေးယူကာ ဘတ် ၁.၆၇ ဘီလီယံတန်ဖိုးရှိ မြေနှင့်အဆောက်အအုံများကို သိမ်းဆည်းခဲ့ပြီး ယင်းအမှုများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံသား ၂၄ ဦးနှင့် နိုင်ငံခြားသား ၄၁ ဦးကို ဖမ်းဆီးထားကြောင်း၊ ဆိုက်ဘာတိုက်ဖျက်ရေးဌာနအနေဖြင့် လိမ်လည်ရာတွင် သုံးသည့် ဖုန်းနံပါတ် ၃ သိန်းကျော်နှင့် ဝဘ်ဆိုက်လင့်ခ် ၁ သိန်း ၂ သောင်းကျော်ကို ပိတ်ဆို့ခဲ့သည့်အပြင် မူးလ် (Mule) ဘဏ်အကောင့် ၃ သိန်းခွဲကျော်ကို ပိတ်သိမ်း၍ နစ်နာသူများ၏ ငွေကြေး ဘတ် ၃.၆ ဘီလီယံကို ပြန်လည်ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ၉ လအတွင်း ဆိုက်ဘာလိမ်လည်သူ ၃၀,၀၀၀ နီးပါးနှင့် တရားမဝင် နိုင်ငံခြားသား အမည်ခံကုမ္ပဏီ ၁,၄၅၀ ကျော်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့
Jun 23 • 7:54 AM
Thailand
Local News
Share
| 9 | 0 | 0 | 0 |


