၂၀၂၆ ခုနှစ် ဇူလိုင်လမှစတင်ကာ အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုမူမမှန်ခြင်း၊ နေ့အပူချိန်မြင့်မားခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုမူမမှန်ခြင်းနှင့် မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ လတ်တလောတွင် အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၌ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေ ရှိနေသော်လည်း၊ နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်အရ ဇူလိုင်လအတွင်း အားအသင့်အတင့်ရှိသော အဆင့်သို့လည်းကောင်း၊ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့လည်းကောင်း ရောက်ရှိနိုင်သဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ထားကြရန် တိုက်တွန်းထားပြီး အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လမှစတင်၍ အယ်လ်နီညိုကြောင့် အစွန်းရောက်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်ပြင်ဆင်ရန် အသိပေး
Jun 23 • 7:56 AM
Myanmar
Local
Share
| 17 | 0 | 0 | 0 |


