တရုတ်ထုတ်ကုန်ပစ္စည်းများကို အဓိကထား၍ အရောင်းအဝယ်ပြုလုပ်နေရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တရားမဝင်ကုန်စည်များ ဖမ်းဆီးစစ်ဆေးမှု ပိုမိုတင်းကြပ်လာခြင်းကြောင့် မြို့တွင်း၌ အရောင်းအဝယ်များ ထက်ဝက်ခန့်အထိ ကျဆင်းကာ အေးစက်နေကြောင်း ဇွန်လ ၂၂ ရက်တွင် ကုန်သည်များနှင့် မြို့ခံများထံမှ သိရသည်။ပြီးခဲ့သည့်ရက်ပိုင်းက လားရှိုးမှ ဖြတ်သန်းသွားသည့် တရုတ်ကုန်ပစ္စည်းအချို့ မိုင်းရယ်နှင့် မန္တလေးဘက်တွင် ဖမ်းဆီးခံရပြီးနောက်ပိုင်း မြို့တွင်း၌ စစ်ဆေးမှုများ ပိုမိုပြင်းထန်လာကာ ဂိတ်များတွင် ကုန်ပစ္စည်းအဝင်အထွက်များကို တင်းကြပ်စွာ ကန့်သတ်လိုက်ခြင်း ဖြစ်သည်။ လက်ရှိတွင် တရုတ်နိုင်ငံမှလာသည့် မုန့်၊ အချိုရည်၊ ဘီယာ၊ တာယာ၊ စက်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ အထည်အလိပ်၊ စိုက်ပျိုးရေးနှင့် လျှပ်စစ်ပစ္စည်းများအားလုံးကို တရားမဝင်ကုန်အဖြစ် သတ်မှတ်ထားသဖြင့် ကုန်စည်သယ်ဆောင်ရေးဂိတ်များနှင့် ယာဉ်မောင်းများမှာ တရုတ်ကုန်များကို လက်ခံသယ်ယူရန် ငြင်းဆန်နေကြသည်။ ဒေသခံကုန်သည်များနှင့် ယာဉ်မောင်းများကမူ လုပ်ငန်းများ လည်ပတ်နိုင်စေရန်အတွက် တရုတ်ကုန်စည်များအပေါ် သတ်မှတ်အခွန်အခများ စနစ်တကျကောက်ခံပြီး လွတ်လပ်စွာ အရောင်းအဝယ်လုပ်ခွင့်ပေးရန် လိုလားနေကြသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် တရားမဝင်ကုန်စည် ဖမ်းဆီးမှုများပြားလာသဖြင့် အရောင်းအဝယ်များ လုံးဝအေးစက်နေ
Jun 23 • 4:33 AM
Myanmar
Shan
Share
| 16 | 0 | 0 | 0 |


