back

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်ရှင်သစ်အဖြစ် သမိုင်းသစ်စိုက်ထူ

Jun 23 • 2:51 AM

breaking-news

Myanmar

International

cover

အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးစံချိန်ရှင်သစ်အဖြစ် သမိုင်းသစ်စိုက်ထူ

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ဂျာမနီတိုက်စစ်မှူး ကလိုဆေးနှင့် ဘရာဇီးအမျိုးသမီးတိုက်စစ်မှူး မာတာတို့၏ စံချိန်များကို ကျော်ဖြတ်ကာ ကမ္ဘာ့ဖလားသမိုင...

အာဂျင်တီးနားအသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီသည် ဂျာမနီတိုက်စစ်မှူး ကလိုဆေးနှင့် ဘရာဇီးအမျိုးသမီးတိုက်စစ်မှူး မာတာတို့၏ စံချိန်များကို ကျော်ဖြတ်ကာ ကမ္ဘာ့ဖလားသမိုင်းတွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း ဇွန်လ ၂၃ ရက်တွင် သိရသည်။ အာဂျင်တီးနားက ဩစတြီးယားကို ၂ ဂိုး ၀ ဖြင့် အနိုင်ရသည့် အုပ်စုဒုတိယပွဲစဉ်တွင် မက်ဆီက ၂ ဂိုးစလုံး သွင်းယူခဲ့ရာ လက်ရှိကမ္ဘာ့ဖလားတွင် အာဂျင်တီးနားရရှိထားသည့် ၅ ဂိုးစလုံးကို မက်ဆီတစ်ဦးတည်းက သွင်းယူပေးထားခြင်း ဖြစ်သည်။ အာဂျင်တီးနားသည် အုပ်စုအဖွင့်ပွဲနှစ်ပွဲစလုံး အနိုင်ရကာ ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်သည်။မက်ဆီသည် အယ်လ်ဂျီးရီးယားနှင့်ပွဲတွင် အမျိုးသားကမ္ဘာ့ဖလားစံချိန်ရှင် ကလိုဆေး၏ ၁၆ ဂိုးစံချိန်ကို လိုက်မီခဲ့ပြီး၊ ယနေ့ပွဲတွင် ထပ်မံသွင်းယူခဲ့သဖြင့် အမျိုးသမီးကမ္ဘာ့ဖလားစံချိန်ရှင် မာတာ၏ ၁၇ ဂိုးစံချိန်ကိုပါ ကျော်ဖြတ်ကာ ကမ္ဘာ့ဖလားစုစုပေါင်းသွင်းဂိုး ၁၈ ဂိုးဖြင့် စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ မက်ဆီသည် ပွဲအစ၌ ပင်နယ်တီလွဲချော်ခဲ့၍ ဟက်ထရစ်နှင့် လွဲခဲ့ရသော်လည်း ၎င်း၏ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ယခုကဲ့သို့ စံချိန်ကောင်းရရှိခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် မက်ဆီသည် အာဂျင်တီးနားအသင်းအတွက် ၂၀၁ ပွဲ ကစားပေးထားပြီး နိုင်ငံတကာသွင်းဂိုး စုစုပေါင်း ၁၂၁ ဂိုးအထိ ရရှိထားပြီဖြစ်သည်။

news-view-count-icon

15