ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းဒေသတွင် ဇွန်လ ၁၃ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး ဥရုချောင်းနှင့် မော်ဝမ်းချောင်းရေများ မြင့်တက်လာမှုကြောင့် ပြင်းထန်သော ရေကြီးရေလျှံမှုဒဏ်ကို ရင်ဆိုင်နေရကာ ရေဘေးသင့်ပြည်သူများသာမက ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသည့် လူမှုကူညီရေးအသင်းအဖွဲ့များပါ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် နေအိမ်ရွှေ့ပြောင်းခြင်း၊ ဈေးဝယ်ကူခြင်းနှင့် ကျောင်းသားကလေးငယ်များကို အပို့အကြိုလုပ်ပေးခြင်းများ ဆောင်ရွက်ပေးနေရသော်လည်း သွားလာလှုပ်ရှားရန်အတွက် စက်သုံးဆီနှင့် အဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။ဖားကန့်မြို့ပေါ်ရှိ မြေနိမ့်ရပ်ကွက်များဖြစ်သည့် ငှက်ပျော်တော၊ အေးမြသာယာနှင့် မြို့မရပ်ကွက်တို့တွင် ဇွန် ၂၂ ရက် နံနက်ပိုင်း၌ ကား၊ ဆိုင်ကယ်များ အနည်းငယ် သွားလာနိုင်ပြီဖြစ်သော်လည်း ညပိုင်းတွင် ချောင်းရေများ ပြန်လည်မြင့်တက်လာသည့်အတွက် ဒေသခံများက စိုးရိမ်တကြီး စောင့်ကြည့်နေရကြောင်း သိရသည်။

ကချင်ပြည်နယ် ဖားကန့်တွင် ရေဘေးသင့်ပြည်သူများအပြင် ကူညီကယ်ဆယ်ရေးအဖွဲ့များအတွက်ပါ အကူအညီများ အရေးပေါ်လိုအပ်နေ
Jun 23 • 2:43 AM
Myanmar
Kachin
Share
| 19 | 0 | 0 | 0 |


