back

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးဘရီ အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်

Jun 23 • 2:11 AM

breaking-news

Myanmar

Local

cover

မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးဘရီ အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်

ရွှေခေတ်အကြို မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းတစ်ဦးဖြစ်သူ အသက် ၈၈ နှစ်အရွယ် ဦးဘရီသည် ဇွန်လ ၂၂ ရက် ယမန်နေ့ နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံ ဘောလုံး...

ရွှေခေတ်အကြို မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းတစ်ဦးဖြစ်သူ အသက် ၈၈ နှစ်အရွယ် ဦးဘရီသည် ဇွန်လ ၂၂ ရက် ယမန်နေ့ နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ဦးဘရီသည် မြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သည့်အပြင် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးအဖြစ်လည်းကောင်း၊ MFF ပြိုင်ပွဲကျင်းပရေးအရာရှိနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ တာဝန်ခံအဖြစ်လည်းကောင်း မြန်မာ့ဘောလုံးလောကအတွက် နှစ်ပေါင်းများစွာ တာဝန်မျိုးစုံ ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်း၏ ဘောလုံးလောကအပေါ် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပေးအပ်သည့် "Service Award" ဂုဏ်ပြုဆုကိုလည်း ရရှိခဲ့သည်။ ၎င်းကွယ်လွန်သွားခြင်းသည် မြန်မာ့ဘောလုံးလောကအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ၎င်း၏ သမိုင်းမှတ်တမ်းကောင်းများအတွက် လေးစားဂုဏ်ပြုနေမည်ဖြစ်ကြောင်း MFF က ထုတ်ပြန်ထားသည်။

news-view-count-icon

14