back

ထိုင်းနိုင်ငံက AI နည်းပညာနှင့် ဒေတာမျှဝေမှုစနစ်များသုံး၍ နိုင်ငံဖြတ်ကျော်မှုခင်းများကို နှိမ်နင်းသွားမည်

Jun 23 • 1:41 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံက AI နည်းပညာနှင့် ဒေတာမျှဝေမှုစနစ်များသုံး၍ နိုင်ငံဖြတ်ကျော်မှုခင်းများကို နှိမ်နင်းသွားမည်

ထိုင်းနိုင်ငံအနေဖြင့် ပြည်သူလူထုနှင့် ကမ္ဘာလှည့်ခရီးသွားများ၏ ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ကောလ်စင်တာလိမ်လည်မှုများ၊ လူကုန်ကူးမှုများနှင့...

ထိုင်းနိုင်ငံအနေဖြင့် ပြည်သူလူထုနှင့် ကမ္ဘာလှည့်ခရီးသွားများ၏ ဘေးကင်းလုံခြုံရေးအတွက် နိုင်ငံဖြတ်ကျော်မှုခင်းများ၊ ကောလ်စင်တာလိမ်လည်မှုများ၊ လူကုန်ကူးမှုများနှင့် ဆိုက်ဘာမှုခင်းများကို နည်းပညာအသုံးပြု၍ တင်းကြပ်စွာ နှိမ်နင်းသွားမည်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ ရာချာဒါ သာနာဒီရက်ခ်က ဇွန်လ ၂၂ ရက် (တနင်္လာနေ့) တွင် ပြောကြားသည်။နယ်စပ်ဖြတ်ကျော်ကွန်ရက် ရာဇဝတ်မှုများကို ရင်ဆိုင်နိုင်ရန် ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုတင် ချန်ဗီရကူးလ်က ဌာနဆိုင်ရာအားလုံး စုပေါင်းညှိနှိုင်းဆောင်ရွက်ရန် ညွှန်ကြားထားပြီး၊ အစိုးရအနေဖြင့် နည်းပညာသုံးကိရိယာများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်လျက်ရှိသည်။ အဓိကအားဖြင့် ထိုင်းရဲတပ်ဖွဲ့၏ နိုင်ငံဖြတ်ကျော်မှုခင်းဆိုင်ရာ သတင်းအချက်အလက်ဖလှယ်ရေး ဗဟိုပလက်ဖောင်းတစ်ခုဖြစ်သော "SHIELD" ဒေတာဘေ့စ်စနစ်ကို အသုံးပြုနေသည့်အပြင်၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း နယ်မြေများတွင် မှုခင်းကာကွယ်ရန်အတွက် Intelligent Bird Eye Operation Center (IBOC) ဖြင့် ဉာဏ်ရည်တု (AI) နည်းပညာကိုပါ ထည့်သွင်းအသုံးပြုရန် ဆောင်ရွက်နေသည်။ ယင်း AI စနစ်သည် ပုံမှန်မဟုတ်သော အခြေအနေများကို စောစီးစွာ စုံစမ်းသိရှိနိုင်ပြီး ဖြစ်စဉ်များကို ပိုမိုမြန်ဆန်စွာ တုံ့ပြန်နိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

9