မြန်မာနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် ဘင်းမ်စတက် (BIMSTEC) အဖွဲ့၏ အတွင်းရေးမှူးချုပ်တာဝန်ကို လွှဲပြောင်းရယူထမ်းဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။ ဇွန်လ ၂၂ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် မစ္စတာ အင်ဒရာ မနီ ပန်ဒေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက် တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်အာရှနှင့် အရှေ့တောင်အာရှ ၇ နိုင်ငံ ပါဝင်ဖွဲ့စည်းထားသည့် ဘင်းမ်စတက်အဖွဲ့ကြီးကို ၁၉၉၇ ခုနှစ် ဇွန်လ ၆ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး၊ လာမည့်နှစ်တွင် သက်တမ်း နှစ် ၃၀ ပြည့်မြောက်မည်ဖြစ်သည်။ မြန်မာနိုင်ငံသည် မူလအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုကဲ့သို့ နှစ် ၃၀ ပြည့်မြောက်သည့်နှစ်တွင် အလှည့်ကျအတွင်းရေးမှူးချုပ်တာဝန်ကို ရယူထမ်းဆောင်ရမည်ဖြစ်ရာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Jun 23 • 1:36 AM
Myanmar
Local
Share
| 31 | 0 | 0 | 0 |


