တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် ဇွန်လ ၂၃ ရက်မှ ၂၄ ရက်အထိ လျောင်နင်ပြည်နယ် တာ့လျန်မြို့၌ ကျင်းပမည့် ၁၇ ကြိမ်မြောက် နွေရာသီ ဒါဗို့စ်ဖိုရမ် (Summer Davos Forum) သို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဖိုရမ်ကျင်းပစဉ်ကာလအတွင်း ဝန်ကြီးချုပ် လီချန်သည် ဖွင့်ပွဲအခမ်းအနား၌ အထူးအမှာစကား ပြောကြားမည်ဖြစ်ပြီး၊ ဖိုရမ်တက်ရောက်ရန် ရောက်ရှိနေသည့် ပြည်ပနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း၊ စက်မှုစီးပွားရေးနယ်ပယ်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းတို့ကို လုပ်ဆောင်သွားမည်ဖြစ်သည်။အဆိုပါဖိုရမ်သို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Tarique Rahman၊ ဂီနီ ဝန်ကြီးချုပ် Amadou Oury Bah၊ ကာဇက်စတန် ဝန်ကြီးချုပ် Olzhas Bektenov၊ တောင်ကိုရီးယား ဝန်ကြီးချုပ် Kim Min-seok၊ မွန်ဂိုလီးယား ဝန်ကြီးချုပ် Nyam-Osor Uchral နှင့် မွန်တီနီဂရိုး ဝန်ကြီးချုပ် Milojko Spajić တို့ တက်ရောက်ကြမည်ဖြစ်သည်။ ထို့ပြင် နိုင်ငံနှင့် ဒေသပေါင်း ၉၀ ကျော်မှ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရပ်ဆိုင်ရာနှင့် မီဒီယာနယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၁,၇၀၀ ကျော်လည်း အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။
Jun 23 • 1:35 AM
China
Local News
Share
| 3 | 0 | 0 | 0 |


