back

ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘောနှင့် မြစ်ကြီးနားမြို့တို့ အပါအဝင် ဒေသအချို့ မိုးအလွန်ကြီးမည့်ဇုန်တွင် ပါဝင်နေ

Jun 23 • 1:32 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ် ပူတာအို၊ မချမ်းဘောနှင့် မြစ်ကြီးနားမြို့တို့ အပါအဝင် ဒေသအချို့ မိုးအလွန်ကြီးမည့်ဇုန်တွင် ပါဝင်နေ

ကချင်ပြည်နယ်မြောက်ပိုင်း (ပူတာအို၊ မချမ်းဘော၊ မြစ်ကြီးနား) နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် လာမည့်တစ်ပတ်အတွင်း မိုးရေချိန် ၂၈၀ မှ ၄၂၀ မီလီမီတာအထိ ...

ကချင်ပြည်နယ်မြောက်ပိုင်း (ပူတာအို၊ မချမ်းဘော၊ မြစ်ကြီးနား) နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင် လာမည့်တစ်ပတ်အတွင်း မိုးရေချိန် ၂၈၀ မှ ၄၂၀ မီလီမီတာအထိ မိုးအလွန်ကြီးမည့်ဇုန်ထဲသို့ ရောက်ရှိနေသဖြင့် ဧရာဝတီမြစ်ဖျားခံရာ မြစ်ချောင်းများနှင့် ချင်းတွင်းမြစ်အထက်ပိုင်းတို့၌ လျှပ်တစ်ပြက်ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း မိုးလေဝသစောင့်ကြည့်ခန့်မှန်းသူများနှင့် ဌာနဆိုင်ရာအသီးသီးက ဇွန်လ ၂၂ ရက်တွင် သတိပေးထားသည်။ မိုးတိမ်တောင်များကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများလည်း တွဲဖက်ဖြစ်ပွားနိုင်ကြောင်း သိရသည်။ လက်ရှိတွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖားကန့်ဒေသ၌ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့်အပြင်၊ မိုးကောင်းမြို့ရှိ နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းတို့မှာလည်း စိုးရိမ်ရေအမှတ်ထက် ကျော်လွန်နေသဖြင့် မြေနိမ့်ပိုင်းနေ ဒေသခံများ ဘေးလွတ်ရာသို့ စတင်ရွှေ့ပြောင်းနေကြရပြီ ဖြစ်သည်။

news-view-count-icon

13