back

ရန်ပုံငွေပံ့ပိုးမှု မလုံလောက်ခြင်းကြောင့် ဂါဇာရှိ လူဦးရေ ၃၃၀,၀၀၀ ကျော် သောက်သုံးရေပြတ်လပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

Jun 22 • 11:43 AM

breaking-news

Myanmar

International

cover

ရန်ပုံငွေပံ့ပိုးမှု မလုံလောက်ခြင်းကြောင့် ဂါဇာရှိ လူဦးရေ ၃၃၀,၀၀၀ ကျော် သောက်သုံးရေပြတ်လပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီပေးရေး ရန်ပုံငွေပံ့ပိုးမှုများ မလုံလောက်ခြင်းကြောင့် ဝန်ဆောင်မှုများ လျှော့ချခဲ့ရပြီး ရေရှားပါးနေသည့် အရပ်သားအချို့မှာ သန့်ရှင်းရေး...

ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီပေးရေး ရန်ပုံငွေပံ့ပိုးမှုများ မလုံလောက်ခြင်းကြောင့် ဝန်ဆောင်မှုများ လျှော့ချခဲ့ရပြီး ရေရှားပါးနေသည့် အရပ်သားအချို့မှာ သန့်ရှင်းရေးနှင့် ရေဓာတ်ဖြည့်တင်းမှုအကြား ရွေးချယ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားရေး အဖွဲ့အစည်းများက ပြောကြားခဲ့သည်။ ရန်ပုံငွေမလုံလောက်မှုကြောင့် မေလကုန်တွင် လူသားချင်းစာနာထောက်ထားရေး မိတ်ဖက်အဖွဲ့လေးခုက ဂါဇာတွင် ရေတင်ကားများဖြင့် ရေဖြန့်ဝေပေးခြင်းကို စတင်ရပ်ဆိုင်းခဲ့ရသဖြင့် နေရာ ၂၅၀ ရှိ လူဦးရေ ၃၃၀,၀၀၀ ကျော်မှာ ၎င်းတို့၏ အဓိက သောက်သုံးရေ အရင်းအမြစ် ဆုံးရှုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။

news-view-count-icon

8