မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ကြီးမှူးကျင်းပပြီး Royal-D က အဓိကပံ့ပိုးကူညီထားသည့် "MFF-Royal-D U-15 League 2026" ပြိုင်ပွဲ မန္တလေးဇုန် ခြေစစ်ပွဲကို ဇွန်လ ၁၉ ရက်မှ ၂၁ ရက်အထိ ကျင်းပပြီးစီးခဲ့ရာ၊ နောက်ဆုံးပွဲစဉ်တွင် Bawgabala FC အသင်းက ဒုတိယအဆင့်သို့ တက်ရောက်ခွင့် ရရှိသွားကြောင်း သိရသည်။ အဆိုပါ ခြေစစ်ပွဲအောင်မြင်သွားသည့် Bawgabala FC အပါအဝင် STNM FC၊ Shwe Pay Leik FC၊ Sparrow FC၊ Anisakhan FC၊ Youth Soccer Future FC၊ Sagaing UTD FC နှင့် MFF Academy (Mandalay) U-14 စသည့် မန္တလေးဇုန်မှ ထိပ်သီး (၈) အသင်း ပါဝင်မည့် ဒုတိယအဆင့်ပြိုင်ပွဲကို လာမည့် ဩဂုတ်လ ပထမပတ်မှ ဒီဇင်ဘာလအထိ နှစ်ကျော့စနစ်ဖြင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
MFF-Royal-D U-15 League မန္တလေးဇုန် ခြေစစ်ပွဲပြီးဆုံးပြီး ဒုတိယအဆင့်ပြိုင်ပွဲကို အသင်း ၈ သင်းဖြင့် ဩဂုတ်လတွင် ဆက်လက်ကျင်းပမည်
Jun 22 • 11:10 AM
Myanmar
Local
Share
| 20 | 0 | 0 | 0 |


