back

ကချင်ပြည်နယ်၊မိုးကောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်သဖြင့် ရေဘေးသင့်အိမ်ထောင်စုများကို စားရေရိက္ခာများ ထောက်ပံ့ပေးအပ်

Jun 22 • 11:09 AM

breaking-news

Myanmar

Kachin

cover

ကချင်ပြည်နယ်၊မိုးကောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဝင်ရောက်သဖြင့် ရေဘေးသင့်အိမ်ထောင်စုများကို စားရေရိက္ခာများ ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း၌ ယနေ့ (ဇွန်လ ၂၂ ရက်) နံနက် ၉ နာရီခွဲအချိန်ခန့်က မိုးရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပွာ...

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း၌ ယနေ့ (ဇွန်လ ၂၂ ရက်) နံနက် ၉ နာရီခွဲအချိန်ခန့်က မိုးရွာသွန်းမှုကြောင့် ရေဝင်ရောက်မှုများဖြစ်ပွားခဲ့သဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပေးဆပ်သူ၊ ရွှေလင်းယုန်၊ ရင်ငြိမ်းပန်း စသည့် ဒေသခံပရဟိတအသင်းအဖွဲ့များ၊ ကချင် RC ခရစ်ယာန်အသင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းကာ ရေဘေးကြုံတွေ့နေရသည့် အိမ်ထောင်စုများထံသို့ သွားရောက်၍ စားရေရိက္ခာများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

news-view-count-icon

11