back

မန္တလေး မဟာမုနိဘုရားကြီးအား အွန်လိုင်းမှတစ်ဆင့် ၂၄ နာရီပတ်လုံး တိုက်ရိုက် (Live) ဖူးမြော်နိုင်ပြီဖြစ်ကြောင်း သိရ

Jun 22 • 10:42 AM

breaking-news

Myanmar

Mandalay

cover

မန္တလေး မဟာမုနိဘုရားကြီးအား အွန်လိုင်းမှတစ်ဆင့် ၂၄ နာရီပတ်လုံး တိုက်ရိုက် (Live) ဖူးမြော်နိုင်ပြီဖြစ်ကြောင်း သိရ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူများ နေ့စဉ် ၂၄ နာရီပတ်လုံး တိုက်ရိုက်ဖူးမြော်ကြည်...

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် ပြည်တွင်းပြည်ပ ဘုရားဖူးပြည်သူများ နေ့စဉ် ၂၄ နာရီပတ်လုံး တိုက်ရိုက်ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် "Mahamuni Pagoda" အမည်ရှိ YouTube Channel မှတစ်ဆင့် တိုက်ရိုက် (Live) လွှင့်ထုတ်ပြသပေးနေပြီဖြစ်ကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။ ယင်းအစီအစဉ်သည် ဂေါပကအဖွဲ့သစ်လက်ထက်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး၊ လက်ရှိတွင် ဘုရားကြီးပရိဝုဏ်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သာသနိကအဆောက်အအုံများကိုလည်း ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

30