back

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

Jun 22 • 10:41 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ...

အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ကျွမ်းဘားပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ကျိုက္ကဆံအားကစားကွင်း ကျွမ်းဘားအဖွဲ့ချုပ် လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံကျွမ်းဘားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကောင်းဇော်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်) မှ တာဝန်ရှိသူများ၊ နိုင်ငံကျော်တေးသံရှင် နီနီခင်ဇော်နှင့် ပြိုင်ပွဲဝင် အားကစားသမားများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

news-view-count-icon

13