ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့၌ လာမည့် ဇူလိုင်လ ဒုတိယပတ်တွင် (၁၀) ရက်ကြာ ကျင်းပမည့် “အပြည်ပြည်ဆိုင်ရာ ကျောင်းသားလူငယ်များ တွေ့ဆုံပွဲ (BRIDGE Summer Camp 2026)” သို့ မြန်မာနိုင်ငံမှ Junior Ambassador ကျောင်းသားလူငယ် ကိုယ်စားလှယ်အဖွဲ့ သွားရောက်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါခရီးစဉ်အတွက် မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်း (MJA) နှင့် အာရှ-ပစိဖိတ် ကလေးများညီလာခံ (APCC) တို့ ပူးပေါင်းကာ အခြေခံပညာကျောင်းများမှ အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ် ကျောင်းသား၊ ကျောင်းသူ (၆) ဦးကို စနစ်တကျ ရွေးချယ်ပြီး မတ်လကတည်းက စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး၊ ယင်းတွေ့ဆုံပွဲသို့ အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံပေါင်း ၄၂ နိုင်ငံမှ လူငယ်ကိုယ်စားလှယ် ၂၀၀ ကျော် ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ၌ ကျင်းပမည့် BRIDGE Summer Camp 2026 သို့ မြန်မာကျောင်းသားလူငယ် ကိုယ်စားလှယ်အဖွဲ့ သွားရောက်တက်ရောက်မည်
Jun 22 • 8:28 AM
Japan
Local News
Share
| 0 | 0 | 0 | 0 |


