back

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်ကို ည ၁၂ နာရီအထိ အချိန်တိုးမြှင့်ခွင့်ပြု

Jun 22 • 8:29 AM

breaking-news

Myanmar

Yangon

cover

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်ကို ည ၁၂ နာရီအထိ အချိန်တိုးမြှင့်ခွင့်ပြု

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား မူလသတ်မှတ်ထားသည့် ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်တိုးမြှင့်သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း ယနေ့ (ဇ...

မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလ) ဖြတ်သန်းသွားလာခွင့်အား မူလသတ်မှတ်ထားသည့် ည ၁၀ နာရီအစား ည ၁၂ နာရီအထိ အချိန်တိုးမြှင့်သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း ယနေ့ (ဇွန် ၂၂ ရက်) ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်က ပြောကြားခဲ့သည်။ အဆိုပါ တိုးမြှင့်ခွင့်ပြုမှုသည် ဒလမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေဝင်း၏ အချိန်ထပ်တိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းချက်အပေါ် ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပြီး၊ ယခုကဲ့သို့ အချိန်တိုးမြှင့်ပေးခြင်းကြောင့် ဒေသခံပြည်သူများ ဖြတ်သန်းသွားလာရေး ပိုမိုအဆင်ပြေလာမည် ဖြစ်သည်။

news-view-count-icon

17