ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဖားကန့်-ကာမိုင်းသွားကားလမ်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ယနေ့ (ဇွန်လ ၂၂ ရက်) တွင် တောင်ကမ်းပါးပြိုကျမှုဖြစ်ပွားကာ လမ်းပိတ်ဆို့နေသဖြင့် အတက်/အဆင်း ယာဉ်များကို ဖြတ်သန်းခွင့် ယာယီပိတ်၍ ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေရကြောင်း သိရသည်။ အလားတူ ဇွန်လ ၂၁ ရက် နံနက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့သည့် ဖားကန့်မြို့၊ ကျောက်ဝိုင်းရပ်ကွက်ရှိ နေအိမ်များနှင့် လမ်းမများပေါ်တွင်မူ ယနေ့၌ ရေများ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း သိရသည်။
Jun 22 • 8:27 AM
Myanmar
Kachin
Share
| 6 | 0 | 0 | 0 |


