ပုဂံဒေသ၏ ရိုးရာအမွေအနှစ် ယွန်းထည်လုပ်ငန်းသည် ကိုဗစ်ကာလမှစတင်ကာ လက်ရှိအချိန်ထိ ယခင်ရောင်းအား၏ ၂ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်အထိ ဈေးကွက်ဆက်တိုက်ကျဆင်းနေကြောင်း "Bagan House" တည်ထောင်သူ ဒေါ်မော်မော်အောင်က ပြောကြားသည်။ ပြည်တွင်း၊ ပြည်ပ စီးပွားရေးအခြေအနေနှင့် ကမ္ဘာလှည့်ခရီးသွား နည်းပါးခြင်းတို့အပြင် ယွန်းထည်ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် သစ်စေးတစ်ပုံးလျှင် ကျပ် ၁၀ သိန်းနှင့် ဟင်္သာပြဒါးဆေးတစ်ပိဿာလျှင် ကျပ်သိန်း ၈၀ ခန့်အထိ ကုန်ကြမ်းဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်း၊ လုပ်အားခတိုးမြှင့်ပေးရခြင်းတို့ကြောင့် ယွန်းထည်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်လာရခြင်းဖြစ်သည်။ လက်ရှိတွင် ရိုးရာပညာရှင်များ မပျောက်ပျက်စေရန် အခက်အခဲကြားမှ ကျားကန်ထိန်းသိမ်းနေရပြီး ဈေးကွက်ပြန်လည်ဦးမော့လာစေရန် လူငယ်များစိတ်ဝင်စားသည့် ယွန်းဆွဲကြိုး၊ ယွန်းလက်ကိုင်အိတ် စသည့် ခေတ်မီဆန်းသစ်သော ဖက်ရှင်ဒီဇိုင်းများကို တီထွင်ထုတ်လုပ်၍ ဈေးကွက်ရှာဖွေနေရကြောင်း သိရသည်။
ပုဂံရိုးရာယွန်းထည်လုပ်ငန်း ကုန်ကြမ်းဈေးနှုန်းကြီးမြင့်မှုနှင့် ဈေးကွက်ကျဆင်းမှုဒဏ်ကြောင့် အခက်အခဲဖြစ်ပေါ်နေ
Jun 22 • 8:11 AM
Myanmar
Mandalay
Share
| 11 | 0 | 0 | 0 |


