back

ရန်ကုန်-မော်လမြိုင် ရထားလက်မှတ်များကို မကြာမီ ORTP ဝက်ဘ်ဆိုက်မှတစ်ဆင့် အွန်လိုင်းဖြင့် ဝယ်ယူနိုင်တော့မည်

Jun 22 • 8:10 AM

breaking-news

Myanmar

Mon

cover

ရန်ကုန်-မော်လမြိုင် ရထားလက်မှတ်များကို မကြာမီ ORTP ဝက်ဘ်ဆိုက်မှတစ်ဆင့် အွန်လိုင်းဖြင့် ဝယ်ယူနိုင်တော့မည်

လူစီးများသည့် ရထားခရီးစဉ်တစ်ခုဖြစ်သော ရန်ကုန်-မော်လမြိုင် ရထားလက်မှတ်များကို အွန်လိုင်းလက်မှတ်အရောင်းစနစ် (ORTP) ဝက်ဘ်ဆိုက်မှတစ်ဆင့် မကြာမီ ဝယ်ယူနိုင်တော့မည်ဖြစ...

လူစီးများသည့် ရထားခရီးစဉ်တစ်ခုဖြစ်သော ရန်ကုန်-မော်လမြိုင် ရထားလက်မှတ်များကို အွန်လိုင်းလက်မှတ်အရောင်းစနစ် (ORTP) ဝက်ဘ်ဆိုက်မှတစ်ဆင့် မကြာမီ ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။ လက်ရှိတွင် အဆိုပါဝက်ဘ်ဆိုက်၌ ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-နေပြည်တော် ခရီးစဉ်များကိုသာ ဝယ်ယူနိုင်သေးပြီး နောက်ပိုင်းတွင် ရန်ကုန်-မော်လမြိုင်ခရီးစဉ်ကိုပါ ထည့်သွင်းပေးသွားမည်ဖြစ်သဖြင့် ခရီးသွားပြည်သူများအတွက် ပိုမိုအဆင်ပြေလာမည် ဖြစ်သည်။ ဒါ့အပြင် မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပြည် ရထားခရီးစဉ်များကို DEMU ရထားသစ်များဖြင့် ပြောင်းလဲပြေးဆွဲရန် စီစဉ်နေပြီး၊ လက်ရှိတွင် အမှတ် (၈၁) အဆန်နှင့် အမှတ် (၈၂) အစုန် ရန်ကုန်-မော်လမြိုင် ရထားများကို ရန်ကုန်ဘူတာကြီးနှင့် မော်လမြိုင်ဘူတာတို့မှ နေ့စဉ် နံနက် ၇ နာရီခွဲ၌ ပုံမှန်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

9