back

ပြင်းထန်သည့် အပူလှိုင်းဒဏ်ကြောင့် ပြင်သစ်နိုင်ငံရှိ ဒေသအချို့၌ အရက်သေစာသောက်စားမှုနှင့် ပွဲလမ်းသဘင်ကျင်းပမှုများကို တစ်စိတ်တစ်ပိုင်း ကန့်သတ်ပိတ်ပင်

Jun 22 • 8:13 AM

breaking-news

Myanmar

International

cover

ပြင်းထန်သည့် အပူလှိုင်းဒဏ်ကြောင့် ပြင်သစ်နိုင်ငံရှိ ဒေသအချို့၌ အရက်သေစာသောက်စားမှုနှင့် ပွဲလမ်းသဘင်ကျင်းပမှုများကို တစ်စိတ်တစ်ပိုင်း ကန့်သတ်ပိတ်ပင်

ဥရောပတိုက်တစ်လွှား၌ ပြင်းထန်သော အပူလှိုင်းများ ကျရောက်နေပြီး နေ့အပူချိန်များမှာ ၃၉ ဒီဂရီဆဲလ်စီးယပ်စ်မှ ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်လာနိုင်သဖြင့် ပြင်သစ်အစို...

ဥရောပတိုက်တစ်လွှား၌ ပြင်းထန်သော အပူလှိုင်းများ ကျရောက်နေပြီး နေ့အပူချိန်များမှာ ၃၉ ဒီဂရီဆဲလ်စီးယပ်စ်မှ ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်လာနိုင်သဖြင့် ပြင်သစ်အစိုးရက အုပ်ချုပ်ရေးဒေသ ၉၆ ခုအနက် ၃၅ ခုအတွက် ဇွန် ၂၁ ရက်တွင် အပူလှိုင်းအန္တရာယ် အနီရောင်သတိပေးချက် ထုတ်ပြန်ထားရကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုအဖြစ် အဆိုပါဒေသကြီး ၃၅ ခုတွင် အရက်သေစာသောက်စားမှုနှင့် ပွဲလမ်းသဘင်များ ကျင်းပမှုကို ကန့်သတ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း ပြင်သစ်ဝန်ကြီးချုပ် ဆီဘက်ရှန်လီကော်နူးက ဇွန် ၂၀ ရက်တွင် ကြေညာခဲ့သည်။ အလားတူ ဂျာမနီနိုင်ငံတွင်လည်း အမျိုးသားအဆင့် အပူလှိုင်းသတိပေးချက် ထုတ်ပြန်ထားရပြီး၊ ယခုကဲ့သို့ ရာသီဥတုပြောင်းလဲမှုကြောင့် ကျရောက်လာသည့် ပြင်းထန်သော အပူလှိုင်းများကြောင့် ဥရောပတစ်လွှား၌ ကျန်းမာရေးအရေးပေါ်အခြေအနေများနှင့် စီးပွားရေးလုပ်ငန်း ကသောင်းကနင်းဖြစ်မှုများ ကြုံတွေ့ရနိုင်ကြောင်း သိရသည်။

news-view-count-icon

17