မြန်မာ့လက်ရွေးစင်ကစားသမားအဖြစ် နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရယူပေးခဲ့သည့်အပြင် အပြည်ပြည်ဆိုင်ရာဒိုင်လူကြီး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ပြိုင်ပွဲကျင်းပရေးအရာရှိနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ တာဝန်များကို နှစ်ပေါင်းများစွာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုကြောင့် ၂၀၂၄ ခုနှစ်တွင် Service Award ဆု ချီးမြှင့်ခြင်းခံခဲ့ရသော ရွှေခေတ်အကြို မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဦးဘရီ (၈၈ နှစ်) သည် ယနေ့ ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ ဦးဘရီ ကွယ်လွန်ခြင်းသည် မြန်မာ့ဘောလုံးလောကအတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ၎င်း၏သမိုင်းမှတ်တမ်းကောင်းများအတွက် အစဉ်ဂုဏ်ပြုလေးစားနေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ဝမ်းနည်းစကားဆိုထားသည်။
MFF ၏ Service Award ဆုရှင် ရွှေခေတ်အကြို မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဦးဘရီ အသက် (၈၈) နှစ်အရွယ်တွင် ကွယ်လွန်
Jun 22 • 8:06 AM
Myanmar
Local
Share
| 23 | 0 | 0 | 0 |


